Posts

အဆုံးစွန်သော ပျက်စီးခြင်း

ကမ္ဘာ့ကြီးအစ  ဖြစ်တည်မှု့ အခြေခံအုတ်မြစ်တွေ လှုပ် ခါ ယိမ်းနွဲ့ အသံတွေထွက်လာခဲ့ ပြီ ။ ကာလနဂါး ခေါင်းပေါ်  မီး ဖွား ကျခဲ့ပေါ့  သူပါပေါ့ ပဒေသရာဇ် ခေတ်သစ်‌ကိုလိုနီ လက်တွေ့ကျခဲ့ ။

ကျနော် နှင့် အကြိုက်တွေ့ခဲ့သော စကားများ

" မင်းသာ ငတ်လို့ပတ်သွားနေတာ ငါက ချမ်းသာပြီးသား ဘယ်မှသွားစရာမလိုဘူး " -  ဒီစကားက ကျနော်နဲ့ မောင်ကြည်ညွန့် ကျောင်းတက်တုန်းက‌ ရောက်တတ်ရာရာပြေားရင်း သူတို့ရွာအကြောင်း ပြောမိတာပါ ။ ရွာမှာ အုပ်ချုပ်ရေးမှူးရွေးတော့ နောက်ဆုံးစကာတင် ၂ ယောက်ပဲ ကျန်တယ် ။ တစ်ယောက်က ရွာထဲကလွဲးရင် ကမ္မနဲ့ ပခုက္ကူလောက်ပဲ ပဲရောင်းနှမ်းရောင်း ရောက်ဖူးတာ ဒါပေသည့် သူက တောသူဌေး ကားရော ထွန်စက်ရော ပိုင်သေးတယ်။  နောက်တစ်ယာက်က လူလတ်တန်းစားပေါ့ ရှိတာလည်း မဟုတ်သလို မရှိတာလည်း မဟုတ်ပြန်ဘူး ။ မူဆယ်ဆိုလည်း သွားအလုပ်လုပ်လိုက်တာပဲ ။ မြစ်ကြီးနား ဖားကန့်ဆိုလည်း တက်လိုက်တာပဲ။ မန်းတလေး ရန်ကုန်လောက်ကတော့ စာမဖွဲ့ ။  နောက်ဆုံး‌‌မဲးပေးတဲ့ ရက်မှာ နယ်စုံရောက်ဖူးတဲ့ကောင်က စပြီး စကားနာထိုးတယ် ဒီကောင်ဘယ်မှမရောက်ဖူး ဘာမှဗဟုသုတမရှိပဲနဲ့ ဘယ်လို ရွာကိုအုပ်ချုပ်မှာလည်း စဉ်းစားကြဆိုတယ် ။  ဒါနဲ့ ကျနော်ကြိုက်တဲ့ စကားက ရွာမှာပဲ နေ တဲ့သူဆီက စတာပါ။တစ်ခွန်းတည်း ပြောလိုက်တာ " မင်းသာ ငတ်လို့ပတ်သွားနေတာ ငါက ချမ်းသာပြီးသား ဘယ်မှသွားစရာမလိုဘူး " တဲ့ ရာဇဝင်တွင်ပြီး တောင် ကျန်ခဲ့တာပါပဲ ။ ဘယ်သူအနိုင်ရသွားတယ်လို့ တော့ ကျနော်မသိလိုက်ပါဘူး။ ကျနော်သ...

လက်ဆင့်ကမ်းခြင်း ယဉ်ကျေးမှူ့

အလုပ်ဝင်ခါစ တစ်လနှစ်လမှာ အလုပ်တစ်ခုရဲ့ မဖြစ်မနေခိုင်းရမဲ့ အပိုင်းလေးပဲ လူသစ်တွေကို train ပေးတယ်။ အဲ့ဒီအချိန်ထိ စီနီယာတွေဟာ ကိုယ့်အတွက်လည်းအကောင်းဆုံးပဲ။ နောက်ထပ်လတွေလ‌တွေ တိုးလာတော့ မှတ်မှတ်ရရ စကားတစ်ခုက အကိုတို့ အခုလို စီနီယာဖြစ်ဖို့ ကိုယ်တိုင်လေ့လာ ကြိုးစားခဲ့ရတာ ။ ညီလေးလည်း ကြိုးစားဆိုတဲ့စကား ဟာ အားပေးစကားလိုပါပဲ ။  ဒါပေမဲ့ ကိုယ်တိုင် လေ့လာတာ သူတို့ပြောသလို အရမ်းခက်ပါတယ် ။  ပြဿနာတစ်ခုဖြစ်ရင် စမ်းစမ်းဝါးဝါး ပထမတစ်ကြိမ်နဲ့ မပြီးခဲ့ပါဘူး ဒုတိယ တတိယအကြိမ် ပုံစံအမျိုးမျိုး ဖြေရှင်းခဲ့ရ။ ကောင်းတဲ့အကျင့်လေးတစ်ခုက ပြသနာတိုင်းကို မှတ်တမ်းတင်ခဲ့တာပဲ ။  အလုပ်တစ်ခုကနေတစ်ခု ပြောင်းတော့ မှတ်စုစာအုပ်က ထူလာနေခဲ့တာပါပဲ ။  အဲ့ဒီမှတ်စုစာအုပ်က ကျနော် စီနီယာဖြစ်တဲ့ အခါ လက်ဆင့်ကမ်းခြင်းဆိုတဲ့အတွေးကို ရစေခဲ့တယ် ။ ဥပမာ ကျနော့် note ထဲက Ground Based Tower တစ်ခုရဲ့ BTS cabinet ထဲမှာ power core ရှိတယ် သူ့ထဲမှာ rectifier တွေ ဘာကြောင့် ခနခနပျက်ရသလဲ ခေါင်းစဉ်အောက်မှာ ၁- load မနိုင်လို့ ၂-သန့်ရှင်းမှု့မရှိလို့ (ဖုန်/အင်းစက်) ၃-load balance မညီလို့ ၄-charging setting ကြောင့် လက်ရှိသူ့ထက်ပိုပြီး ...

လဖက်ရည်နှင့် ဆင့်ကဲပြောင်းလဲမှု့များ

မသောက်ဖူးခင်တုန်းက  သူများဘယ်လိုမှာ ဘယ်လိုသောက် လိုက်လိုက်ကြည့်ရ စသောက်ခါစ ချိုစိမ့် တဖြည်းဖြည်း ပုံမှန် ချိုကျ ဖန်ချို  နောက်ဆုံး ပေါ့ဆိမ့်နဲ့ ငါအသားကျခဲ့ ဘောလုံးပွဲတွေနဲ့ အသားကျခဲ့ မောင်ကြည်ညွန့်နဲ့ ဆရာမျိုးနဲ့ ကမ္ဘာ့သတင်း မြန့်မာအတင်းမှာ အသားကျခဲ့ ချစ်စရာဖြစ်ရမဲ့ မိတ်ဆွေကို ရန်သူမျိုးငါးပါးထဲ ထည့်ထားတဲ့ ဒီဘာသာ ခနခန ဒုက္ခရောက် ကိုယ့်ကိုယ်ကို မင်းသားထင်တဲ့ကောင်ဟာ ဇာတ်ညွှန်းပိုကောင်းတဲ့ တခြားသူ ဇာတ်လမ်းမှာ ဇာတ်ပို့ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ တောင်ပို့ထဲက ခြတွေ  မျက်စိအောက်တွင် ကြီးထွား မျက်စိအောက်တွင် ထီးဖြူဆောင်းပြ မျက်စိအောက်တွင် ပျက်ဆီး ငါတို့ထိုင်ဝတ်ချ ဆုတောင်း အကောင်းဆုံးပါလို့ ပြောတဲ့ ဗုဒ္ဓဟာ ဥရောပဘက်လောက်ရောက်ရင် အိမ်တွင်းအလှဆင်အရုပ်တစ်ခုဖြစ်ရ ဒီတစ်ခါ အရေးကြီးကိစ္စပြီးရင် နောက်တစ်ခါ အရေးကြီးကိစ္စ ရောက်လာကြ ငါတို့ကိစ္စတွေဟာ ကိုယ့်အတွက်မဟုတ်ကြ သူများကလည်း မယူချင်ကြ ကောင်းတာလုပ်တဲ့သူလည်း ရှင်တုန်းမှာ ငါ့ဇာတ်ပို့ ဆိုးသွမ်းတဲ့သူလည်း ရှင်တုန်းမှာ ငါ့ဗီလိန် ရံဖန်ရံခါ သူတို့ဇာတ်ညွှန်းမှာ ငါက ဖြတ်လျောက်  ဇာတ်ညွှန်းထဲပါသလောက် ငါတို့လဖက်ရည်သောက်ခဲ့ကြ၏။  ကေသရာ

Analog Calls ( မျက်ကန်း ဆက်သွယ်မှု့များ )

မျော်တဲ့သူ  ရောက်လာချင်တဲ့သူ ဝေးကွာချင်းမှာ ဆုတောင်းက ယုံကြည်ချင်တာတစ်ခုတည်း ။

Ordinary Class ( ရိုးရိုးတန်း )

 စိတ်ပြေ နါမ်ပြေ  ဆီမီး ပန်း ရေ ကပ် ချစ်ခြင်းတရားလက်မှတ် ဖြတ်ခဲ့ကြပေါ့ ဘယ်ရထားမှမလွဲချင်ဘူး ဘာတန်းရရ ငြိမ့်ငြိမ့်ကလေး  စီးကြတာပေါ့   နွယ်။

မင်္ဂလာပါ

လူဖြစ်လာတယ်  ငါတို့ ငါ့အရင်က ဘယ်သူမှမမှီခဲ့ဘူးတဲ့ ဘုရားရှိတယ် တံဆိပ်ကပ်မယ် ဘာသာရေးတံဆိပ် တစ်ခုပေါ့ သေးချင်သေးမယ် ကြီးချင်ကြီးမယ် ပန်းတိုင်ရှိမယ်  လူမှု့ရေးရှိတယ်  ပညာရေးရှိတယ် အချစ်ရေးရှိတယ် စီးပွားရေးရှိတယ် နိုင်ငံရေးရှိတယ် ကျန်းမာရေးရှိတယ် ဘဝက တစ်ခုခုနဲ့ အဆုံးသတ်မယ်  ဘာကိုရွေးမလဲ___________မင်္ဂလာပါ ၊၊ ကေသရာ ၂၂၊ ၁၀၊ ၂၀၂၅