ကျနော် နှင့် အကြိုက်တွေ့ခဲ့သော စကားများ
" မင်းသာ ငတ်လို့ပတ်သွားနေတာ ငါက ချမ်းသာပြီးသား ဘယ်မှသွားစရာမလိုဘူး "
-
ဒီစကားက ကျနော်နဲ့ မောင်ကြည်ညွန့် ကျောင်းတက်တုန်းက ရောက်တတ်ရာရာပြေားရင်း သူတို့ရွာအကြောင်း ပြောမိတာပါ ။
ရွာမှာ အုပ်ချုပ်ရေးမှူးရွေးတော့ နောက်ဆုံးစကာတင် ၂ ယောက်ပဲ ကျန်တယ် ။
တစ်ယောက်က ရွာထဲကလွဲးရင် ကမ္မနဲ့ ပခုက္ကူလောက်ပဲ ပဲရောင်းနှမ်းရောင်း ရောက်ဖူးတာ ဒါပေသည့် သူက တောသူဌေး ကားရော ထွန်စက်ရော ပိုင်သေးတယ်။
နောက်တစ်ယာက်က လူလတ်တန်းစားပေါ့ ရှိတာလည်း မဟုတ်သလို မရှိတာလည်း မဟုတ်ပြန်ဘူး ။ မူဆယ်ဆိုလည်း သွားအလုပ်လုပ်လိုက်တာပဲ ။ မြစ်ကြီးနား ဖားကန့်ဆိုလည်း တက်လိုက်တာပဲ။ မန်းတလေး ရန်ကုန်လောက်ကတော့ စာမဖွဲ့ ။
နောက်ဆုံးမဲးပေးတဲ့ ရက်မှာ နယ်စုံရောက်ဖူးတဲ့ကောင်က စပြီး စကားနာထိုးတယ် ဒီကောင်ဘယ်မှမရောက်ဖူး ဘာမှဗဟုသုတမရှိပဲနဲ့ ဘယ်လို ရွာကိုအုပ်ချုပ်မှာလည်း စဉ်းစားကြဆိုတယ် ။
ဒါနဲ့ ကျနော်ကြိုက်တဲ့ စကားက ရွာမှာပဲ နေ
တဲ့သူဆီက စတာပါ။တစ်ခွန်းတည်း ပြောလိုက်တာ
" မင်းသာ ငတ်လို့ပတ်သွားနေတာ ငါက ချမ်းသာပြီးသား ဘယ်မှသွားစရာမလိုဘူး " တဲ့ ရာဇဝင်တွင်ပြီး တောင် ကျန်ခဲ့တာပါပဲ ။
ဘယ်သူအနိုင်ရသွားတယ်လို့ တော့ ကျနော်မသိလိုက်ပါဘူး။
ကျနော်သိလိုက်ရတာကတော့ ကျနော် ပိုခရီး သွားရလေ ပိုအလုပ်လုပ်ရလေ ပိုပြီးတော့ သင်ယူရလေ ကျနော်တွေးမိတာက ကျနော်တို့ ထိုင်နေရလောက်အောင် မချမ်းသာသေးဘူးဆိုတာပါပဲ။ ကျနော်တို့ ငတ်နေဆဲ ရှိသေးတယ် ဆိုတာပါပဲ။
ကေသရာ
Comments
Post a Comment