လက်ဆင့်ကမ်းခြင်း ယဉ်ကျေးမှူ့
အလုပ်ဝင်ခါစ တစ်လနှစ်လမှာ အလုပ်တစ်ခုရဲ့ မဖြစ်မနေခိုင်းရမဲ့ အပိုင်းလေးပဲ လူသစ်တွေကို train ပေးတယ်။
အဲ့ဒီအချိန်ထိ စီနီယာတွေဟာ ကိုယ့်အတွက်လည်းအကောင်းဆုံးပဲ။
နောက်ထပ်လတွေလတွေ တိုးလာတော့ မှတ်မှတ်ရရ စကားတစ်ခုက အကိုတို့ အခုလို စီနီယာဖြစ်ဖို့ ကိုယ်တိုင်လေ့လာ ကြိုးစားခဲ့ရတာ ။ ညီလေးလည်း ကြိုးစားဆိုတဲ့စကား ဟာ အားပေးစကားလိုပါပဲ ။
ဒါပေမဲ့ ကိုယ်တိုင် လေ့လာတာ သူတို့ပြောသလို အရမ်းခက်ပါတယ် ။
ပြဿနာတစ်ခုဖြစ်ရင် စမ်းစမ်းဝါးဝါး ပထမတစ်ကြိမ်နဲ့ မပြီးခဲ့ပါဘူး ဒုတိယ တတိယအကြိမ် ပုံစံအမျိုးမျိုး ဖြေရှင်းခဲ့ရ။
ကောင်းတဲ့အကျင့်လေးတစ်ခုက ပြသနာတိုင်းကို မှတ်တမ်းတင်ခဲ့တာပဲ ။
အလုပ်တစ်ခုကနေတစ်ခု ပြောင်းတော့ မှတ်စုစာအုပ်က ထူလာနေခဲ့တာပါပဲ ။
အဲ့ဒီမှတ်စုစာအုပ်က ကျနော် စီနီယာဖြစ်တဲ့ အခါ လက်ဆင့်ကမ်းခြင်းဆိုတဲ့အတွေးကို ရစေခဲ့တယ် ။
ဥပမာ ကျနော့် note ထဲက Ground Based Tower တစ်ခုရဲ့ BTS cabinet ထဲမှာ power core ရှိတယ် သူ့ထဲမှာ rectifier တွေ ဘာကြောင့် ခနခနပျက်ရသလဲ ခေါင်းစဉ်အောက်မှာ
၁- load မနိုင်လို့
၂-သန့်ရှင်းမှု့မရှိလို့ (ဖုန်/အင်းစက်)
၃-load balance မညီလို့
၄-charging setting ကြောင့်
လက်ရှိသူ့ထက်ပိုပြီး ထူးထူးခြားခြား ကြုံတဲ့ပြသနာမရှိသ၍ အဆင်ပြေတယ်။
အရင်ကျနော့်စီနီယာတွေလို နေလိုက်လည်းဖြစ်ပါတယ်။
ကျနော်လက်ဆင့်ကမ်းရဲသည် လက်ဆင့်ကမ်းချင်သည်။
မီးစက်နဲ့ပတ်သက်သမျှ ပါဝါနှင့်ပတ်သက်သမျှ ကျနော်သိသလောက်လေး လက်ဆင့်ကမ်းပေးချင်သည်။
လက်ဆင့်ကမ်းပေးသူမရှိခဲ့လို့ အောက်ကနေစရလို့ အသစ်များစွာ သိပ်မသိခဲ့ အချိန်တွေ နှောင့်နှေးခဲ့ရ ။
ဒါ့ကြောင့် ကျနော့်နည်းနည်းလေး သူတို့သိသွားတဲ့အခါ ပိုများတဲ့ ပိုကောင်းတဲ့အရာကို သူတို့ မြန်မြန်သိစေချင်သည်။
တဖြည်းဖြည်းချင်းရွေ့ရလို့ ကျနော်ရှေ့ကိုသိပ်မရောက်။
သူတို့ကျနော့်ရှေ့ရောက်လည်း မနာလိုစိတ်ဖြစ်မည်မဟုတ် ။
တစ်ချို့တွေးထင်သည်က မင်းသိတာအကုန်ပေး ရင် မင်းကြာရင် နေရာကျန်မယ်မဟုတ်ဘူး ဆိုတဲ့အတွေးမျိုးပါ။
ကျနော် နေရာမက်ပါတယ် ။
ဒါပေမဲ့ ကျနော်ပေးလိုက်တဲ့သူနဲ့ ကျနော်ဆက် ယှဉ်ရဲပါသေးတယ် ။
ကျနော့်စီနီယာများဆီက ဘာမှမရခဲ့လို့ ကျနော်သူတို့နာမည်မျှ မမှတ်မိတော့ပါ ။ ဘာပဲပြောပြော ကိုယ့်လမ်းစဉ်နဲ့ ကိုယ်ကျေနပ်သည် ။ လက်ဆင့်ကမ်းခြင်း လက်ရှိကာလမှာ အလွန်နည်း၏။
ကေသရာ
Comments
Post a Comment