လဖက်ရည်နှင့် ဆင့်ကဲပြောင်းလဲမှု့များ

မသောက်ဖူးခင်တုန်းက 

သူများဘယ်လိုမှာ ဘယ်လိုသောက် လိုက်လိုက်ကြည့်ရ

စသောက်ခါစ ချိုစိမ့်

တဖြည်းဖြည်း ပုံမှန် ချိုကျ ဖန်ချို 

နောက်ဆုံး ပေါ့ဆိမ့်နဲ့ ငါအသားကျခဲ့

ဘောလုံးပွဲတွေနဲ့ အသားကျခဲ့

မောင်ကြည်ညွန့်နဲ့ ဆရာမျိုးနဲ့ ကမ္ဘာ့သတင်း မြန့်မာအတင်းမှာ အသားကျခဲ့

ချစ်စရာဖြစ်ရမဲ့ မိတ်ဆွေကို

ရန်သူမျိုးငါးပါးထဲ ထည့်ထားတဲ့ ဒီဘာသာ

ခနခန ဒုက္ခရောက်

ကိုယ့်ကိုယ်ကို မင်းသားထင်တဲ့ကောင်ဟာ

ဇာတ်ညွှန်းပိုကောင်းတဲ့ တခြားသူ ဇာတ်လမ်းမှာ ဇာတ်ပို့ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ

တောင်ပို့ထဲက ခြတွေ 

မျက်စိအောက်တွင် ကြီးထွား

မျက်စိအောက်တွင် ထီးဖြူဆောင်းပြ

မျက်စိအောက်တွင် ပျက်ဆီး

ငါတို့ထိုင်ဝတ်ချ ဆုတောင်း အကောင်းဆုံးပါလို့ ပြောတဲ့ ဗုဒ္ဓဟာ

ဥရောပဘက်လောက်ရောက်ရင် အိမ်တွင်းအလှဆင်အရုပ်တစ်ခုဖြစ်ရ

ဒီတစ်ခါ အရေးကြီးကိစ္စပြီးရင်

နောက်တစ်ခါ အရေးကြီးကိစ္စ ရောက်လာကြ

ငါတို့ကိစ္စတွေဟာ ကိုယ့်အတွက်မဟုတ်ကြ

သူများကလည်း မယူချင်ကြ

ကောင်းတာလုပ်တဲ့သူလည်း ရှင်တုန်းမှာ ငါ့ဇာတ်ပို့

ဆိုးသွမ်းတဲ့သူလည်း ရှင်တုန်းမှာ ငါ့ဗီလိန်

ရံဖန်ရံခါ သူတို့ဇာတ်ညွှန်းမှာ ငါက ဖြတ်လျောက် 

ဇာတ်ညွှန်းထဲပါသလောက် ငါတို့လဖက်ရည်သောက်ခဲ့ကြ၏။ 


ကေသရာ

Comments

Popular posts from this blog

လက်ဆင့်ကမ်းခြင်း ယဉ်ကျေးမှူ့

မင်္ဂလာပါ