အလုပ်ဝင်ခါစ တစ်လနှစ်လမှာ အလုပ်တစ်ခုရဲ့ မဖြစ်မနေခိုင်းရမဲ့ အပိုင်းလေးပဲ လူသစ်တွေကို train ပေးတယ်။ အဲ့ဒီအချိန်ထိ စီနီယာတွေဟာ ကိုယ့်အတွက်လည်းအကောင်းဆုံးပဲ။ နောက်ထပ်လတွေလတွေ တိုးလာတော့ မှတ်မှတ်ရရ စကားတစ်ခုက အကိုတို့ အခုလို စီနီယာဖြစ်ဖို့ ကိုယ်တိုင်လေ့လာ ကြိုးစားခဲ့ရတာ ။ ညီလေးလည်း ကြိုးစားဆိုတဲ့စကား ဟာ အားပေးစကားလိုပါပဲ ။ ဒါပေမဲ့ ကိုယ်တိုင် လေ့လာတာ သူတို့ပြောသလို အရမ်းခက်ပါတယ် ။ ပြဿနာတစ်ခုဖြစ်ရင် စမ်းစမ်းဝါးဝါး ပထမတစ်ကြိမ်နဲ့ မပြီးခဲ့ပါဘူး ဒုတိယ တတိယအကြိမ် ပုံစံအမျိုးမျိုး ဖြေရှင်းခဲ့ရ။ ကောင်းတဲ့အကျင့်လေးတစ်ခုက ပြသနာတိုင်းကို မှတ်တမ်းတင်ခဲ့တာပဲ ။ အလုပ်တစ်ခုကနေတစ်ခု ပြောင်းတော့ မှတ်စုစာအုပ်က ထူလာနေခဲ့တာပါပဲ ။ အဲ့ဒီမှတ်စုစာအုပ်က ကျနော် စီနီယာဖြစ်တဲ့ အခါ လက်ဆင့်ကမ်းခြင်းဆိုတဲ့အတွေးကို ရစေခဲ့တယ် ။ ဥပမာ ကျနော့် note ထဲက Ground Based Tower တစ်ခုရဲ့ BTS cabinet ထဲမှာ power core ရှိတယ် သူ့ထဲမှာ rectifier တွေ ဘာကြောင့် ခနခနပျက်ရသလဲ ခေါင်းစဉ်အောက်မှာ ၁- load မနိုင်လို့ ၂-သန့်ရှင်းမှု့မရှိလို့ (ဖုန်/အင်းစက်) ၃-load balance မညီလို့ ၄-charging setting ကြောင့် လက်ရှိသူ့ထက်ပိုပြီး ...
Comments
Post a Comment